တပ်မ ၄၉ (ဝံပုလွေ) ခြေလျင်တပ်ရင်း ၁၆၈ မော်ကွန်းကျောက်တိုင်(၁၈၇၀၄ တပ်ဖွဲ့ )
ဟယေားဂိုးစီရင်စု ဆာဆာယာမာမြို့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကိုရီးယားနိုင်ငံ တေးဂူမြို့တွင် ဖွဲ့စည်းကာ ဖူကူအိုကာနှင့် ကူရူမီမြို့များတွင် တိုးချဲ့ဖွဲ့စည်းခဲ့သော ဂျပန်-ကိုရီးယား-ထိုင်ဝမ် စစ်သည် ၃,၅၃၀ ဦးပါဝင်သည့် ဤတပ်ရင်းသည်ဒန်းစစ်ဆင်မှု (မိုင်းလားနှင့်တန်ချုံးတိုက်ပွဲများ)၊ နမ့်ဖတ်ကာ၊ ဘန်းစစ်ဆင်မှု (ဧရာဝတီတိုက်ပွဲ)၊ မိတ္ထီလာ၊ ကံကြီး၊ အင်းတော်၊ ဆားတောင် စသည့် အပြင်းထန်ဆုံးတိုက်ပွဲများတွင် အသက်စွန့် တိုက်ခိုက်ခဲ့ကြသည်။
မြန်မာနိုင်ငံတစ်ဝှမ်းတွင် စုစုပေါင်း ၂,၈၃၆ ဦး (စစ်မြေပြင်တွင် ကျဆုံး ၁,၈၅၅ ဦး၊ ပျောက်ဆုံး ၉၈၁ ဦး) အသက်ဆုံးရှုံးခဲ့ရပြီး မိတ္ထီလာတွင် တပ်ရင်းမှူး ရှီရို ယိုရှီဒါ နှင့် တပ်သား ၂၃၇ ဦး အသက်ပေးလှူခဲ့ကြသည်။
ဂျပန်စစ်တပ်ဘက်မှ ၁၉၂,၇၃၅ ဦး၊ မဟာမိတ်တပ်များနှင့် မြန်မာနိုင်ငံသားများဘက်မှလည်းများစွာသော အသက် ဆုံးရှုံးမှုများ ရှိခဲ့ပါသည်။
စစ်ပွဲအတွင်း အသက်ဆုံးရှုံးခဲ့ရသူအားလုံး၏ ဝိညာဉ်များ ငြိမ်းချမ်းစွာစံစားရန် ဆုတောင်းလျက် ထာဝရငြိမ်းချမ်းရေး အတွက် ဆန္ဒပြုကာ ၎င်းတို့၏ အဖိုးတန်စွန့်လွှတ်မှုကို ဘယ်သောအခါမျှ မမေ့လျော့ပဲ နောင်လာနောင်သားများအား ဆက်လက်မျှဝေသွားရန် သစ္စာပြုပါသည်။
၂၀၂၅ ခုနှစ် [လ] လ
ခြေမြန်တပ်ရင်း ၁၆၈ ၏ ကျဆုံးသည့် စစ်သည် မိသားစုဝင်များ အားလုံး